Mingalar (K7) သည် Sister လေကြောင်းလိုင်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI (8M) နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုအခြေခံကာ မြန်မာနိုင်ငံတစ်လွှား ၎င်း၏ပျံသန်းမှုကွန်ရက်ကို တိုးမြှင့်လိုက် သည်။

အဆိုပါ တိုးမြှင့်ဆောင်ရွက်မှုဖြင့် ယခုဆိုလျှင် Mingalar (K7) ခရီးသည်များသည် အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်း MAI (8M) ၏ ပျံသန်းမှုကွန်ယက်မှ ဘန်ကောက်၊ စင်္ကာပူ၊ ကာလကတ္တားနှင့် ကွမ်ကျိုးစသည့် နိုင်ငံတကာခရီးစဉ်လေးနေရာကို တစ်ဆက်တစ်စပ်တည်း လွယ်ကူချောမွေ့စွာချိတ်ဆက်နိုင်ကြတော့မည်ဖြစ်သည်။