လေယာဉ်တစ်စင်းလုံး စင်းလုံးငှားခြင်း

ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ဖောက်သည်ခရီးသည်များ ၎င်းတို့လိုအပ်သည့် ခရီးစဉ်အစီအစဉ်အတိုင်း ရွေးချယ်ဆောင်ရွက်နိုင်စေရန် ရန်ကုန်နှင့် မြန်မာနိုင်ငံရှိ အခြားလေဆိပ်များမှ စင်းလုံးငှား သီးသန့်လေယာဉ် ခရီးစဉ်များကို စီစဉ်ပေးလျက်ရှိပါသည်။ လေယာဉ်စီးခရီးသည်တစ်ဦးမှ လေယာဉ်တင်ဆောင်နိုင်သည့် အများဆုံး အရေအတွက်အထိ ခရီးသည်ဦးရေ မည်မျှအတွက်ကိုမဆို တစ်ကြောင်းတည်းခရီးစဉ် (One way flight) သို့မဟုတ် အသွားအပြန်ခရီးစဉ် (Round trip flight) အတွက် စင်းလုံးငှားသီးသန့်လေယာဉ်ခရီးစဉ်များ စီစဉ်ပေးနိုင်ပါသည်။ မည်သည့်သီးသန့်လေယာဉ်ခရီးစဉ်အတွက်မဆို လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အစွမ်းဆောင်နိုင်ဆုံး ဖြည့်ဆည်းစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

  • သီးသန့်လေယာဉ်ခရီးစဉ်သည် သင်သွားလိုသည့်နေရာနှင့် ထွက်ခွာမည့်အချိန်ကို ရွေးချယ်ခွင့်ရရှိစေပါသည်။
  • သီးသန့်လေယာဉ်ခရီးစဉ်သည် သင့်လေယာဉ်ခရီးစဉ်တွင် ခရီးသွားဖော်များကို ရွေးချယ်ခွင့်ရရှိစေပါသည်။
  • သီးသန့်လေယာဉ်ခရီးစဉ်သည် သင်နှင့် သင့်အဖွဲ့အလိုရှိရာ ဝန်ဆောင်မှုနှင့် ဝန်ဆောင်မှုအဆင့်ကို အတိအကျ ရွေးချယ်ခွင့် ရရှိစေပါသည်။

သီးသန့်လေယာဉ်ခရီးစဉ်များသည် အရွယ်အစားမတူညီသည့် ခရီးသွားအုပ်စုများအတွက် ပို့ဆောင်ရေးဆိုင်ရာ ပြသာနာများကို (အထူးသဖြင့် စီစဉ်ထားသည့် ဆက်သွယ်မှုများမှာ ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး အချိန်မှာအလွန်အရေးပါနေသည့်အခါ) အကောင်းဆုံးဖြေရှင်းပေးမှုတစ်ရပ်ပင်ဖြစ်သည်။

ပိုမိုသိရှိလိုပါ This email address is being protected from spambots. You need JavaScript enabled to view it.  သို့ ကျေးဇူးပြု၍ ဆက်သွယ်လိုက်ပါ။