ခရီးသည်များ မျှော်မှန်းထားသည်ထက်သာလွန်မည့် အထူးကောင်းမွန်သော လေကြောင်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်ဟူသော ကျွန်ုပ်တို့၏စဉ်ဆက်မပြတ်သည့် ခံယူချက် (တာဝန်) နှင့်အညီ ယခုလောလောဆယ်တွင် ကျွန်ုပ်တို့၏လေယာဉ်အုပ်ကို ATR လေယာဉ်မျိုးဆက်သစ် ဖြစ်သည့် ATR 72 (600) လေယာဉ် ၈ စီးတို့ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။ လေယာဉ်များကို ရန်ကုန်မြို့ရှိ AIR KBZ ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံတွင် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပေး လျက်ရှိပါသည်။ လေယာဉ်ခရီးစဉ်များ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာကာ သက်တောင့်သက်သာရှိ စေရေးအတွက် အင်ဂျင်နီယာဌာနနှင့် ပျံသန်းရေးဌာနတို့၏ သတိကြီးစွာဖြင့်စီမံဆောင်ရွက်မှု၊ စနစ်တကျအနီးကပ် ကြီးကြပ်မှုတို့ဖြင့် နိုင်ငံတကာစံချိန်မီ ပြုပြင်ထိန်းသိမ်းရေးလုပ်ထုံးလုပ်နည်းများကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါ သည်။